Tuesday 13 January 2009

SAFFRON MAIL LETTER

Burma News

Visitation rights denied to families of political prisoners

Family members of political prisoners have had to return from journeys to remote prisons without ever having a chance to meet with those detained, a result of the latest hardship...

Burmese blogger in running to win "Best Asian Blog"

The Weblog of a veteran Burmese Buddhist monk, Ashin Mattacara, which contains writings on Burma, has been selected among the finalists for the 'Best Asian Bolg' Award for 2008.
Failure of international community before drama of Burmese people
AsiaNews.it - Italy
Pascal Khoo Thwe, a Burmese dissident, adds up the balance of a tragic 2008: Nargis and the military dictatorship have pushed the population to the breaking ...
See all stories on this topic
Foreign Policy (subscription)
Mau-Mau and Irgun descendants head for the White House?
Foreign Policy (subscription) - USA
Can anyone tell me more about Obama's grandfather's experience with the British army in Burma during World War II, such as what regiment he was attached to? ...
See all stories on this topic
Burmese blogger in running to win "Best Asian Blog"
Mizzima.com - New Delhi,Delhi,India
by Solomon New Delhi (Mizzima) - The Weblog of a veteran Burmese Buddhist monk, Ashin Mattacara, which contains writings on Burma, has been selected among ...
See all stories on this topic

Google Blogs Alert for: burma news

Candle4Burma Human Rights: 300 migrants arrested in raid in Kuala ...
By moderator
URGENT NEWS FROM INSIDE BURMA: New Burma Army swee... URGENT NEWS FROM INSIDE BURMA: Hundreds of village... Lawyer in ILO case harassed by authorities · Detained NLD member denied family visits. Archives. Human Rights Links ...
Candle4Burma Human Rights - http://candle4burma.blogspot.com/
PICS from inside Burma Journal about NLD Youth protest « democracy ...
The IDPs of Eastern Burma rely on cross-border aid and intrepid groups such as the Free Burma Rangers (FBR) and the Back Pack Health Worker Teams Nowhere to Hide · UNODC Press release 6.01. Drug trafficking in the Golden Triangle ...
democracy for burma - http://democracyforburma.wordpress.com/
Burma Newscasts: FSA investigation finds Aon made payments to Burma
By news
Burma Newscasts. -** Pro-Democracy recordings only. All Agencies' News carry copyrights and are supported by written approval. -** All translations are based on personal interpretation only, links to the original scripts are provided ...
Burma Newscasts - http://burmanewscasts.blogspot.com/
Journals ordered to condemn NLD demonstration ,"I saw the article ...
Read inside Journal နအဖအကြိုက်ရေးရတဲ့ ပလီပလာ လုပ်ကြံသတင်းတွေ http://arzarni.blogspot.com/2009/01/blog-post_10.html · http://english.dvb.no/news.php?id=2065. Categories: Burma ...
democracy for burma - http://democracyforburma.wordpress.com/
Top Bush Aide Hopes Obama Will Push Burmese Cause « San Oo Aung's ...
WASHINGTON — A top aide to US President George W Bush said on Wednesday that he hoped the incoming administration of President-elect Barack Obama would continue to push for democracy and protection of human rights in Burma. ...
San Oo Aung's Weblog - http://sanooaung.wordpress.com/
- Myanmar launches polio immunization drive click
- Myanmar boat people take up refuge in Sabang click
- CWS Hotline - 12 Jan 2009 : OPT, Myanmar, Sudan click
- Myanmar continues efforts in eradication of polio click
- Myanmar intensifies measures to stop bird flu at borders click

ဧရာဝတီမှသည်……..

နာဂစ်မုန်တိုင်းကြောင့်ပေါ့ လူတွေဒုက္ခရောက်ကြရတဲ့အချိန် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကရောက်လာတဲ့ အကိုကြီးတစ်ဦးနဲ့ စကားပြောဖြစ်ကြတော့ သူက နောက်တစ်ကြိမ် တော်လှန်ရေးက "ဧရာဝတီက စမှာကွ" လို့ရုတ်တရက်ပြောလိုက်တဲ့အခါ ကျွန်တော် ကြက်သီးဖြန်းဖြန်းထသွားခဲ့တယ်။ ဟောဒီကဗျာလေးကိုလည်း…. ရေးဖွဲ့ဖြစ်တယ်။ ခံစားချက်တူတဲ့သူတွေနဲ့ ထပ်တူကျမှာဘဲလို့လည်း ယုံကြည်မိပါရဲ့။



ဧရာဝတီမှသည်……..

၁။ ဧရာဝတီဟာ…

သူရဲကောင်းပါ…။

တောင်းမစားတတ်ပါဘူး…။

၂။ မြောက်ဘက်ဖျားမှာ… သန္ဓေတည်မွေးဖွား…

သွေးသားညီရင်း… ချင်းတွင်းဝန်းရံ…။

သံလွင် စစ်တောင်း… ညာလက်မောင်းဟေ့

စစ်မောင်းသံချီ… ဒုဌ၀တီ။

မှိုင်းရီဖြိုးဖြ… ရိုးမတွေဆီ…

နောင်တော်မြတ်မို့… လက်အုပ်ချီ။

ပြည်သူ့ရဲ့သွေး …

ပြည်သူ့ရဲ့သွေး …

ပြည်သူ့ရဲ့သွေး …

ဧရာဝတီ…။

၃။ ၁၉၇၀ နှစ်များက…

ပညာရေးတက္ကသိုလ်…

နောက်ဆုံးနှစ်ရဲ့… နှုတ်ဆက်ပွဲက…

ကိုဖူးသစ်ရဲ့…

"နိုးလော့ ထလော့ ဧရာတီ" တေးသွား…

သံတိုင်တွေကြား… ငါတို့သီဆို။

အားသစ်တွေတက်…

ထောင်တွင်းတိုက်ပွဲတွေ ဆက်ခဲ့…။

ပဒေသရာဇ်စနစ်ဆိုး…

မိုးကြိုးသံလျက် အာဏာစက်အောက်မှာ…

တုံးအောက်ဖားလို… ပြားပြားဝပ်နေ…

"ဟယ်" ပြည်သူတွေရဲ့… ရှိုက်ငိုကြွေးသံ…

ပြန်လည်လို့ကြားပါစလေ…

ပြန်လည်လို့ကြားပါစလေ…

"တောက်"… တက်ခေါက်နေတဲ့…

ဧရာဝတီ…။

၎။ ကောင်းလိုက်တဲ့စာသားနဲ့သံစဉ်

ဗိန်းဗေါင်းတီးလို့.. ဟစ်အော်လိုက်ချင်…။

… သူပုန် သူပုန် ထထ

… ဂဠုန် ဂဠုန် ကြွကြွ

… သပိတ် သပိတ် မှောက်မှောက်

… မြင်းခွာတချက်ပေါက်ရင်

… မီးဟုန်းဟုန်းတောက်စေရမလေ…။

… တို့ပြည်သူညီတူတေး

… သီဆိုကြမယ်လေ…။

… တူ တံဇင် ကိုင်ဆွဲ

… တိုက်ပွဲဝင် သူရဲကောင်းတို့…

… နီမောင်းတေးသံ… ကျူးရင့်ကြဟေ…

… နီမောင်းတေးသံ… ကျူးရင့်ကြဟေ…

… ပြည်သူ့ရဲ့ဧရာဝတီ…

… ပြည်သူနိုးထ အားမာန်ကြွချီ။

… နိုးလော့ထလော့… ဧရာဝတီ

… နိုးလော့ထလော့… ဧရာဝတီ

… နိုးလော့ထလော့… ဧရာဝတီ။

၅။ ဒီသံစဉ်နဲ့ စာသား

ရင်ထဲ နှလုံးသားထဲ

သံမှိုစွဲထားသလို…

အို… ဧရာဝတီသူရဲကောင်းတို့…။

၆။ ဆရာမင်းသုဝဏ်ရဲ့…

… စစ်ကိုလည်းကြုံ

… ခြအုံလည်းဖြစ်

… ဓါးထစ်လည်းခံခဲ့ရတဲ့ ဧရာဝတီ။

၇။ "၁၉၇၄".. အလုပ်သမားအရေး

ထောင်တွင်းတေးတပုဒ်

ဂျွန် (၆) စိတ်ဓါတ်က။

… ငတ်ရင်းဖြင့်အသေမခံ

… တိုက်ရင်းသာအသေခံမည်…

… ဘာမထီ… ဇာနည်စိတ်ဓါတ်

… မွေး… ခဲ့သည်။

… အာဏာရူး စစ်အစိုးရသည်

… ပေးစရာဆန်အစား

… သနားမညှာ… ကျည်ဆံများသာ…

… ပေး… ခဲ့လေပြီ…။

၈။ ဒီတေးသွားနဲ့သံစဉ်

ခုတိုင်ပင်.. ပေါက်ကွဲလွင့်စင်မဆုံး

ဘယ်မှာတုန်း… တို့ပြန်သီကုံးဘို့…။

နာကျည်းစရာ သံစဉ်တွေ ရှာနေတုန်းလား။

ခေါင်းငြိမ့် ငုတ်တုတ်ခံနေရတုန်းလား။

၉။ လက်နက်နဲ့ စိတ်ဓါတ်

သူပြတ်ရင် ကိုယ်ပြတ်ရမယ်။

သူကိုင်တတ်ရင်… ကိုယ်ကိုင်တတ်ရမယ်။

သူတိုက်တတ်ရင်… ကိုယ်တိုက်တတ်ရမယ်လေ။

၁၀။ ငတ်ပြီး တောင်းနေလို့…

ပတ်ပြီး တောင်းနေလို့…

ပေးမဲ့အရာတွေက…

ပေးတဲ့သူတွေက…။

၁၁။ တိုက်ပွဲထဲက အတွေ့အကြုံ

ဒို့… ရင်ခုံပြီး… ယူရမယ်။

၁၂။ မတိုက်ဖူးသေးလို့ပေါ့

တိုက်ဖူးရင်… မိုးကိုတောင်

ဒူးနဲ့တိုက်ချင်လာမှာ…။

၁၃။ နာဂစ်မုန်တိုင်းထက်မြန်တဲ့

သန်တဲ့… နှုန်းတွေနဲ့…

ဧရာဝတီ သူရဲကောင်းတို့စိတ်ဓါတ်။

သေဆုံး… ပျောက်ဆုံးသူတို့ရဲ့…

ဝိညာဉ်တွေနဲ့အတူ…

ဧရာဝတီမှာ… အလံထူပြီး…

ဒို့ညီတူစကြစို့။

၁၄။ တိုက်ရဲသူသာ…

အောင်ပွဲရယူနှိုင်မှာ…။

ဘယ်သူတွေခံနှိုင်မလဲ။

တိုက်ပွဲထဲက…

သူရဲကောင်းတွေပေါ်လာမယ်။

၁၅။ အရှေ့ မျှော်မျှော်… အနောက်မျှော်မျှော်

တောင်မျှော်မျှော်… မြောက်မျှော်မျှော်

အသံကုန်ဟစ်ခေါ်ခေါ်…

ဘယ်သူတွေလာကြသလဲ…

ဘယ်သူတွေဘာလုပ်ကြသလဲ…

ဘာတွေလုပ်နေကြသလဲ...

ဘာတွေလုပ်ပေးနေသလဲ…

… ပါးစပ်ထဲက… လုစားနေသလိုပ…။

၁၆။ တော်လှန်တဲ့စိတ်ဓါတ်က

ရပ်ကြည့်နေတဲ့သူတွေပါ…

တိုက်လှဲသွားမယ်… ရိုက်ခွဲသွားမယ်။

တိုက်ပွဲဒီလှိုင်းတွေတက်လာရင်…။

၁၇။ အသနားမခံနဲ့

အကစားမခံနဲ့

တရားမမှန်တဲ့သူတွေကို…

မုန်တိုင်းလိုမွှေပေတော့။

၁၈။ ဧရာဝတီစိတ်ဓါတ်နဲ့

မြင့်မြတ်တဲ့…

သူရဲကောင်းတွေ…

တိုက်ပွဲကြားမှာ…

အောင်ပွဲခံကြလိမ့်မယ်။

၁၉။ "ဟေ့"…

ဧရာဝတီဟာ…

သူရဲကောင်းပါ…..။

၂၀။ "ဟေ့"…

ဧရာဝတီဟာ

ဂန္တ၀င်မြောက်တဲ့

ဒို့ရဲ့ သူရဲကောင်းပါ။

မောင်ဘိုးရန် (ခေတ္တ- တိုင်းတပါး) 030608

သိမှတ်ဖွယ်ရာထိုင်းနိုင်ငံအရေး…



ထိုင်းနိုင်ငံမှာ ၀န်ကြီးချုပ်ဟောင်း သူဌေးကြီးတက်ဆင်နဲ့ သူ့ရဲ့ကျောထောက်နောက်ခံအစိုးရတွေကို ပြုတ်ကျ သွားအောင် လပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြတဲ့ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီရေးပြည်သူ့တပ်ပေါင်းစု People Alliance for Democracy (PAD) က သူတို့အစီအစဉ်ရှိရှိ တိုက်ပွဲဝင် သွားခဲ့ကြတဲ့အပေါ် အစိုးရတွေ ပြုတ်ကျကုန်ပြီးတော့ အခု အဂတိလိုက်စားမှုကင်းမဲ့တဲ့ အစိုးရပေါ်ထွက်ရေးလမ်းကြောင်းပေါ် မှာ ရောက်ရှိ လာခဲ့ကြတယ် ဆိုတာ ကြားလိုက်ကြမယ် ထင်ပါတယ်။

အဲဒီတိုက်ပွဲကာလမှာ လူတချို့ဟာ ရဲအပါအ၀င် တခြား တက်ဆင်ထောက်ခံတဲ့ အနီရောင်ဝတ် လူတစုရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြတယ်၊ ထိခိုက်ဒဏ်ရာရခဲ့ကြတယ်။ အနီရောင်အ၀တ်အစားဝတ်ထားတဲ့ အစိုးရလက်ကိုင်ဒုတ်တွေနဲ့ အ၀ါရောင်ဝတ် PAD ဆန္ဒပြသူတွေအကြား အဓိကရုဏ်းတွေဖြစ်တယ်။ လမ်းမတွေပေါ်မှာ ဟိုဘက်ဒီဘက် ရုန်းရင်းဆန်ခတ် တိုက်ခိုက်ကြတာတွေလည်းရှိတယ်။ အဓိကကတော့ PAD အဖွဲ့ရဲ့လူထုရှိတဲ့နေရာကို ငွေပေးငှားထားတဲ့ အနီရောင်ဝတ် အစိုးရလက်ကိုင်ဒုတ်တွေက ဒုတ်၊ ဓား၊ လက်နက်တွေနဲ့ လာပြီးတိုက်ခိုက်ကြတာများတယ်။ PAD ဘက်ကလည်း ဆိုင်ကယ်ဦးထုပ်တွေကို အကာအကွယ်အဖြစ်ဆောင်းထားပြီး ဒုတ်တွေ၊ ဂေါက်ရိုက်တံတွေနဲ့ ပြန်ချကြတယ်။ အဲဒီလိုဖြစ်တဲ့အခါ PAD က လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ထိုင်းအမျိုးသမီးငယ်တဦးကို ခင်ဗျားတို့က အကြမ်းမဖက်တဲ့လှုပ်ရှားမှုတွေလုပ်နေတယ်ဆိုပြီးတော့ ဒီလို တဦးနဲ့တဦးအပြန်အလှန်တိုက်ခိုက်နေကြတဲ့အခါ ခင်ဗျားတို့ရဲ့ အကြမ်းမဖက်လှုပ်ရှားမှုကို မထိခိုက်ဘူးလားလို့ မေးကြည့်မိတော့ သူက "ဟုတ်တယ် ကျမတို့က အကြမ်းမဖက်ဆန္ဒပြနေကြတာဘဲလေ။ ရှင်တို့တွေ့တဲ့အတိုင်းဘဲ ဒီမှာ အစိုးရရဲ့ ရဲတွေ ကျမတို့ကို လာပြီးအတင်းဝင်ဖြိုခွဲတဲ့အခါ ကျမတို့က ဘာမှပြန်မလုပ်ပါဘူး။ လူထုအင်အားနဲ့ဘဲ ပိတ်ဆို့တားဆီးခဲ့ကြတာပါ။ ဒါပေမယ့် အစိုးရမဟုတ်တဲ့ ဘာမှန်းမသိတဲ့ လမ်းဘေးကလူတွေက ကျွန်မတို့ကို လက်နက်တွေနဲ့လာတိုက်ခိုက်တာမျိုးဆိုရင်တော့ ကျမတို့ကိုယ် ကျမတို့ ကာကွယ်ပိုင်ခွင့်ရှိတယ်။ ကျမတို့ကိုယ်ကျမတို့မကာကွယ်ရင် အနားမှာ ကျမတို့ကိုကာကွယ်မယ့်သူ ဘယ်သူမှမရှိဘူးမဟုတ်လား။ ဒါဟာ ကျမတို့ရဲ့အခွင့်အရေးပါ။" လို့ ဖြေဆိုသွားခဲ့ပါတယ်။

ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်တဲ့အခါ ကိုယ်ရောက်ရှိနေတဲ့စနစ်က မှန်ကန်တယ် မမှန်ကန်ဘူးဆိုတာကို အစိုးရအဖွဲ့ကထွက်ပြီး အဲဒီ PAD နဲ့ပူးပေါင်းခဲ့တဲ့လွှတ်တော်အမတ်တဦးက "အထဲမှာ ပြုပြင် ပြောင်းလဲရေး လုပ်နေလို့တော့ အများစုအရွေးခံထားရတဲ့ အုပ်စုကြီးထဲမှာ ဘယ်လိုမှဖြစ်မှာမဟုတ်လို့ ထွက်လာပြီး လူထုနဲ့ပူးပေါင်းတာပါ" လို့ပြောခဲ့တယ်။ တက်ဆင်ပြုတ်ကျပြီးနောက်ပိုင်းမှာလည်း မဲတွေကို ငွေနဲ့ဝယ်ပြီးကလိန်ကျခဲ့ကြတော့ တက်ဆင်ရဲ့ရုပ်သေးတွေဘဲ မဲနိုင်ပြီး အစိုးရဖွဲ့နှိုင်ခဲ့တယ်လေ။ အဲဒီအချိန်တုန်းက အစိုးရအပါအ၀င် စာနယ်ဇင်းတွေက PAD အဖွဲ့က သူပုန်ထတယ် ဆိုပြီး အကြီးအကျယ် ရေးခဲ့ကြသေးတယ်။ အစိုးရကိုပုန်ကန်တဲ့လူတွေကို ဘယ်နည်းနဲ့ဘဲ ပုန်ကန်ပုန်ကန် အဲဒီလိုအစိုးရတိုင်းက သူတို့ကိုဆန်ကျင်လာတဲ့အတွက် သူပုန်လို့အမည်ပေးကြတာပါဘဲ။ PAD ကလည်း သူတို့ရဲ့ လှုပ်ရှားမှုကြာလာတာနဲ့အမျှ တိုင်းပြည်နစ်နာတော့မယ်ဆိုတာကိုသိတော့ ပွဲဖြတ်ဘို့ အစိုးရအဆောက်အဦတွေ၊ လေယာဉ်ကွင်း တွေကို လူထုအင်အားနဲ့ သိမ်းပြီး စိမ်ခေါ်ခဲ့တယ်။ ရဲတပ်ဖွဲ့တွေကို အစိုးရအနေနဲ့ သုံးခဲ့ပေမယ့် စိတ်ဓါတ်ပြင်းတဲ့ PAD ဦးဆောင်တဲ့ ဆန္ဒပြလူထုကို မကျော်လွှားနှိုင်ခဲ့ဘူး။ တိုင်းပြည်ရဲ့ အကြီးဆုံးဝင်ငွေဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းနေရတော့ အစိုးရလည်း ထွက်ပေးရတော့တာပေါ့။ အခုဆိုရင် PAD အဖွဲ့ဝင်တွေရဲ့အပြောအရတော့ အဂတိလိုက်စားမှုမရှိတဲ့ ဒီမိုကရေစီစံနစ်ကို ဦးတည်ရေးက ၇၅% လောက်တော့ အောင်မြင်ခဲ့တယ်ဆိုဘဲ။ ဟုတ်လဲဟုတ်ပါတယ် အခု ထိုင်းနိုင်ငံကသတင်းစာတွေက အဲဒီ PAD ရဲ့လှုပ်ရှားမှုကို အကြမ်းဘက်လှုပ်ရှားမှုလို့ ဘယ်သူမှမပြောကြတော့ဘူး။ ဒီမိုကရက်တစ်ပါတီရဲ့ အစိုးရသစ်အနေနဲ့ အခက်အခဲတချို့ကို ရင်ဆိုင်နေရတယ်ဆိုပေမယ့်လည်း ထိုင်းနိုင်ငံရေးက အကောင်းဘက်ကို ဦးတည်နေတယ်လို့ပြောလို့ရပါတယ်။ ဒါကလည်း စိတ်ဓါတ်တခုတည်းနဲ့တွင်မဟုတ်ဘဲ စနစ်တကျ အစီအစဉ်နဲ့တိုက်တဲ့တိုက်ပွဲရဲ့ အောင်မြင်မှုရလာဒ်ဖြစ်တယ်ဆိုတာ ငြင်းလို့မရတဲ့သက်သေတခုမဟုတ်ပါလား။


ကိုဘိုးရန်

သတင်းပဒေသာ


လေးဖြူ ပြန်လာပြီ

လေးဖြူ ပြန်လာပြီ

နိုင်ငံကျော် အဆိုတော် လေးဖြူ၏ စင်မြင့် ဖျော်ဖြေပွဲများ မကြာမီ ပြန်လည် စတင် တော့မည်ဟု ၎င်း၏ ပင်တိုင် တေးဂီတ အဖွဲ့ Iron Cross (IC) ၀ိုင်းတော်သား တဦးထံမှ သိရသည်။

မိုင်းဖုန်း ဆရာတော် မွေးနေ့ မြန်မာ နိုင်ငံသားများ လာရောက် ပူဇော်ကြ

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ကျိန်းသျှာန်မြို့နယ် ၀ိန်းကျောက် ရွာတွင် ကျင်းပသော မိုင်းဖုန်း ဆရာတော် ဦးဥာဏသံဝရ၏ သက်တော် ၄၆ နှစ်ပြည့် မွေးနေ့ပွဲသို့ မြန်မာနိုင်ငံမှ သံဃာတော်များ

နိုင်ငံရေး အကျဉ်းသားများကို ရဲဘက်စခန်းပို့ပြီ

နိုင်ငံရေး လှုပ်ရှား မှုကြောင့် ဖမ်းဆီး ခံထားရသူများ ရဲဘက် စခန်းတွင် ရောက်ရှိ နေသည်ဟု ရန်ကုန်မြို့ နိုင်ငံရေး အကျဉ်းသား မိသားစုများထံမှ သိရသည်။

မှတ်ပုံတင်ပျောက် နာဂစ် ဒုက္ခသည်များ အခက်အခဲဖြစ်

နာဂစ် မုန်တိုင်းဒဏ် ပြင်းပြင်း ထန်ထန် ခံခဲ့ရသည့် ဧရာဝတီ တိုင်းအတွင်း သက်ဆိုင်ရာ အာဏာပိုင်များက နိုင်ငံသား မှတ်ပုံတင် ပြန်လည် ပြုလုပ်ပေးခြင်း မရှိသေးသည့် အတွက်

၂ဝဝ၉ ခုနှစ်တွင် ချင်းပြည်နယ်၌ လူမှုဒုက္ခ အကြပ်အတည်းများ ပိုမိုလာဖွယ်ရှိဟု NGO ပြော

ရာသီဥတု ဆိုးရွား၍ သီးနှံများ အထွက်နှုံး ကျဆင်းခြင်းနှင့် ကြွက်ကပ်ကြောင့် သီးနှံများ ပျက်စီးခြင်းကြောင့် မြန်မာနိုင်ငံ အနောက်ပိုင်း ချင်းပြည်နယ်အတွင်း ၂ဝဝ၉ ခုနှစ်၌ လူမှုဒုက္ခ အကြပ်အတည်းများနှင့်...

တင်မောင်ဦး၏ သတ္တမမြောက် တကိုယ်တော်ပြပွဲ

ဓာတ်ပုံသတင်း

ဇန်န၀ါရီ ၁၀၊ ၂၀၀၉

ပန်းချီဆရာ တင်မောင်ဦး၏ ၇ ကြိမ်မြောက် တကိုယ်တော် ပန်းချီပြပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ သုဝဏ္ဏဘူမိ အနုပညာ ခန်းမ တွင် ယနေ့ စတင်ပြုလုပ်ခဲ့သည်။ ဇန်နဝါရီလ ၁ဝရက်နေ့မှ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ အထိ တလတိတိ ခင်းကျင်းပြသသွားမည်ဖြစ်ပါသည်။ ပြပွဲတွင် ပန်းချီကားပေါင်း ၂၇ ကား ပါဝင်ပါသည်။ (photo: Naw Kabaw Shee)

Poet Ant Maung honored Dagon Taryar on 61st Burma Independence
မိုးမခရုပ်သံဘဏ်တိုက် - မိုးမခ မော်ကွန်းရုပ်သံ

ကဗျာဆရာ အံ့မောင်က ဒဂုန်တာရာကို လွတ်လပ်ရေးနေ့မှာ ကဗျာနဲ့ ဂုဏ်ပြုခဲ့

မိုးမခ ရုပ်သံ

ဇန်န၀ါရီ ၁၀၊ ၂၀၀၉

လွန်ခဲ့တဲ့ ဇန်န၀ါရီ ၄ က ကျင်းပခဲ့တဲ့ သက်ကြီး စာရေးဆရာကြီးများရဲ့ လွတ်လပ်ရေးနေ့ ညစာစားပွဲမှာ ကဗျာဆရာကြီး အံ့မောင်က ဆရာကြီး ဒဂုန်တာရာကို ကဗျာရွတ်ဆို ဂုဏ်ပြုခဲ့ပါတယ်။ ဆရာ ဒဂုန်တာရာ ရေးခဲ့တဲ့ ဂျပန်တော်လှန်ရေးကို သရုပ်ဖော်တဲ့ မတ်လတော်လှန်ရေး ဂန္ထ၀င်ကဗျာကို ပြန်လည်ရွတ်ဆိုပြတာ ဖြစ်ပါတယ်။

Pe Thit Ti cartoon 02
သောင်းပြောင်းထွေလာ - ကာတွန်း Box
Performance အနုပညာကို ခံစားမှု
ကာတွန်းဖေသစ်တည်
ဇန်န၀ါရီ ၉၊ ၂၀၀၉ ပုံ - [ ၁ ]
အျပည့္အစုံသိုႛ ...
Burmese in Singapore tour Buddhist Monastaries in New Year
မဵက်မှောက်ရေးရာ - ဓာတ်ပုံသတင်း
From Burmese in Singapore tour Buddhist Centers

စင်္ကာပူက ဘုန်းတော်ကြီးများနဲ့ မြန်မာမိသားစုတို့ နှစ်သစ်ကူး ဘုရားဖူး ခရီးစဉ် မြင်ကွင်း

မိုးမခ ဓာတ်ပုံသတင်း

ဇန်န၀ါရီ ၁၀၊ ၂၀၀၉

ဇန်န၀ါရီ ၁၊ နှစ်သစ်ကူးနေ့က စင်္ကာပူမှာ ၁ သုးံးလုံး ဘုရားဖူးအဖွဲ့က စင်္ကာပူရောက် ဘုန်းတော်ကြီးများနဲ့ မြန်မာမိသားစုများကို ဖိတ်ကြားပြီး ကျွန်းအနှံ့ ဘုရားဖူးခရီးစဉ်ကို မေတ္တာဖြင့် ပို့ဆောင်ခဲ့ပါတယ်။ ဆရာတော် ၁၅ ပါးနဲ့အတူ မြန်မာအမျိုးသားမိသားစုများ ၁၅၀ ကျော်တို့ကို ဘတ်စကားကြီး ၁စီး၊ ၂စီးတွဲ တစီးနဲ့ ခရီးလှည့်လည်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီနှစ်မှာ ၅ ကြိမ် မြောက်ခဲ့ပြီလို့ ဆိုပါတယ်။ အထူးသဖြင့် စင်္ကာပူကို ရောက်ခါစ ဧည့်သည်များ၊ အလုပ်သမား လူငယ်များက စိတ်ဝင်စားကြတယ်လို့ သိရပါတယ်။ (Photo - ဂျစ်တူး)

Burmese in Wshington DC marked 61st Burma Independence
မဵက်မှောက်ရေးရာ - ဓာတ်ပုံသတင်း

#fullpost {display:none;}

ဝါရှင်တန်ဒီစီက ၆၁ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ပွဲ

အနုပညာရှင်ကြီးများနှင့် ကျင်းပခဲ့သည့် မြင်ကွင်း

မိုးမခ ဓာတ်ပုံသတင်း

ဇန်န၀ါရီ ၁၀၊ ၂၀၀၉

လွန်ခဲ့တဲ့ ဇန်န၀ါရီ ၃၊ စနေနေ့က ၀ါရှင်တန်ဒီစီ၊ မေရီလင်း၊ ဗာဂျီးနီးယားဒေသရောက် မြန်မာအမျိုးသားများ စုစည်းကျင်းပတဲ့ ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ၈၈ နှစ်မြောက် ရန်ကုန်တက္ကသိုလ်မွေးနေ့ အခမ်းအနားမှာ ဆရာကြီး ဆရာမကြီးများဖြစ်ကြတဲ့ ဦးဝင်းဖေ၊ မောင်စွမ်းရည်နဲ့ မာမာအေး တို့အပြင် အနုပညာရှင်များဖြစ်တဲ့ အောင်ဝေး၊ စန္ဒယားအောင်ဝင်းတို့နဲ့ အတူ မကြာမီက အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့အခြေစိုက်လာတဲ့ မေငြိမ်းလည်း ကြွရောက်ချီးမြှင့်ကြတယ်လို့ သိရပါတယ်။ ပွဲတော် မှတ်တမ်းဓာတ်ပုံတွေကို ထပ်ဆင့် ဖော်ပြလိုက်ပါတယ်။ (Photo – NLD-LA)


- အပစ်ရပ်တောင်းဆိုချက်ကို အန်တု၊ အစ္စရေးလ်နဲ့ ဟားမတ်စ် ဆက်တိုက်နေကြ click
- ဂါဇာစစ်ဆင်ရေး အရှိန်မြှင့်မယ်လို့ အစ္စရေးပြော click
- အစ္စရေးအပေါ်ရပ်တည်ချက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ခုခံကာကွယ် click
- စီးပွားရေးဆုတ်ယုတ်မှုကြောင့် အမေရိကန်အလုပ်လက်မဲ့ဦးရေ များလာ click
- ရခိုင်ပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဘဏ္ဍာရေးမှူး ကိုမင်းအောင် နောက်ထပ် ထောင်ဒဏ် ၁၅ နှစ် ထပ်တိုး click
- ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးပေးနေပြီ click
- ကိုဇော်သက်ထွေးဇနီး ထောင်ဝင်စာတွေ့ခွင့်မရ click
- နိုင်ငံရေးအကျဉ်းသားတချို့ ရဲဘက်စခန်းပို့ click
- မိတ္ထီလာမထသ ချောကြေးကောက်ငွေ သိန်းသုံးရာကျော် ပျောက်ဆုံးနေ click
- ကချင်ကျောင်းသားသမဂ္ဂလှုပ်ရှားမှု click
- ကချင်အမျိုးသားအစည်းအရုံး ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ကြေညာချက်ထုတ်ပြန် click
- အစ္စရေးက ထိုးစစ်ဆင်မှုတွေ တိုးလုပ်မယ်လို့ သတိပေးလိုက် click
- ကမ္ဘာ့စီးပွားရေးကျဆင်းမှုက မြန်မာ့စီးပွားရေးကို ရိုက်ခတ်နေပြီ click
- တင်မောင်ဦး၏ သတ္တမမြောက် တကိုယ်တော်ပြပွဲ (ဓာတ်ပုံသတင်း) click
- ၂ဝဝ၉ ခုနှစ်တွင် ချင်းပြည်နယ်၌ လူမှုဒုက္ခအကျပ်အတည်းများ ပိုမိုလာဖွယ်ရှိဟု NGO ပြော click
- စင်ပြိုင်အစိုးရသစ်ပေါ်ပေါက်ရေး စတင်လုပ်ဆောင်ပြီဟု အန်စီယူဘီ ပြောကြား click
- မြန်မာ့ဆန်ဈေးထိုးကျ click
- ကချင်ပြည်နယ်၌ ရဲများ တာဝန်မဲ့ အကျင့်ပျက် click
- မလေးရှား၌ မြန်မာအလုပ်သမားများ အဖမ်းခံရ click
- လောင်းကစားဝိုင်းမှ မော်တော်ဆိုင်ကယ် အစီး ၅၀ ကျော် သိမ်းဆည်းခံရ click
- ဂီနီရွေးကောက်ပွဲ ခြောက်လအတွင်းမလုပ်ရင် အာဖရိကသမဂ္ဂ အရေးယူမည် click
- ဆေးလိပ်အန္တရာယ် ထင်တာထက် ဆိုးရွား click
- ကဗျာဆရာ အံ့မောင်က ဒဂုန်တာရာကို လွတ်လပ်ရေးနေ့မှာ ကဗျာနဲ့ ဂုဏ်ပြုခဲ့ click
- စင်္ကာပူက ဘုန်းတော်ကြီးများနဲ့ မြန်မာမိသားစုတို့ နှစ်သစ်ကူး ဘုရားဖူးခရီးစဉ်မြင်ကွင်း၊ ၀ါရှင်တန်ဒီစီက ၆၁ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ပွဲ အနုပညာရှင်ကြီးများနှင့် ကျင်းပခဲ့သည့်မြင်ကွင်း (ဓာတ်ပုံသတင်း) click
Posted by saffrontoward at 10:15 PM 0 comments

No comments: