အနှစ် (၂၀)မှာ ပြောင်းလဲဖို့  ဘယ်လိုပြောင်းကြမလဲ?
ဝင်းထိန်
" ခေါင်းဆောင်ကောင်းတွေဆိုတာ သူတို့ ပြောတာကို ဖြစ်အောင်လုပ်လေ့ ရှိကြတယ်။ အပြော တခြား အလုပ် တခြား မဟုတ်ဘူး။ ခေါင်းဆောင်တွေကို အရင်က သီးခြား လူတန်းစားလို့  သဘောထားခဲ့ကြတယ်။ အခု ခေတ် မှာ မဟုတ်တော့ဘူး။ Leaders as Members ဆိုတဲ့ အဖွဲ့ ဝင်တွေနဲ့  တသားတည်း ကျခဲ့ကြပြီ။ ခေါင်းဆောင်မှုဟာ သီးခြား ဖြစ်ခဲ့ရင် အာဏာရှင်ဆန်သွား တတ်တယ်။ ပြီးတော့ Leader တွေဟာ Responsibility ဆိုတဲ့ တာဝန် ယူမှု၊ Accountability ဆိုတဲ့ တာဝန်ခံမှုတွေကို မငြင်းဆန်ရဘူး။ " *
" Power is not Power over others."
" Power is Ability to get things done"
ဒါတွေကတော့ ခေါင်းဆောင်ကောင်းတွေရဲ့  တာဝန်ခံမှု တာဝန်ယူမှု ။ ကဲ MPU က တာဝန်ခံမှု တွေကကော။
အထက်ပါ စာကြောင်းနှင့် ပတ်သက်လို့  ရှိရင် ဘာကြောင့် MPU က အဲသည်လို ကြွေးကြော် နေရတာလဲ။ တာဝန်ခံမှု တာဝန်ယူမှု စတဲ့ လိုအပ်ချက်တွေနဲ့  မပြည့်စုံတဲ့ အတွက် ကြွေးကြော် နေရတာပါ။ လွှတ်တော် တရပ်ရဲ့  တာဝန်ခံမှု တာဝန်ယူမှု မရှိတဲ့ အကြောင်းကြောင့် ရှေ့ လာမယ့် အနာဂတ် အတွက် မျိုးစေ့ချ လုပ်ဆောင်သွားစေချင်တဲ့ အတွက် ဖြစ်တယ်။ ဒါတွေကို တောင်းဆိုချက် တရပ်အဖြစ် ကြွေးကြော်နေတာပဲ ဖြစ်တယ်။
(၁) ကမ္ဘာပေါ်ရှိ လွှတ်တော်တိုင်းသည် အစိုးရအဖွဲ့ ကို ကြီးကြပ်သည့် လုပ်ငန်းတာဝန်ကို ထမ်းဆောင်သကဲ့သို့  အစိုးရ အဖွဲ့  အားကောင်းလည်ပတ်အောင် ပံ့ပိုးသည့် တာဝန်ယူရသည်။ အမျိုးသား ညီညွတ်ရေး လွှတ်တော်သည် ယင်းတာဝန်ကို ယူရန်ဖြစ်သည်။
(၂) အမျိုးသား ညီညွတ်ရေး လွှတ်တော်တည်ရှိခြင်း၊ NCGUB အစိုးရနှင့် နည်းလမ်းတကျ ဆက်စပ်ထားခြင်း၊ NCGUB အဖွဲ့ တွင် တာဝန်ထမ်းဆောင်မည့် ပုဂ္ဂိုလ်များကို အမျိုးသား ညီညွတ်ရေး လွှတ်တော်မှ ရွေးချယ် တင်မြှောက်ခြင်း ၊ တာဝန်မှ ရုပ်သိမ်းခြင်း တို့ ကို နည်းလမ်း တကျ ဆောင်ရွက်ခွင့် ရရမည်။
(၃) လူ့ အခွင့်အရေး ၊ဒီမိုကရေစီရေး၊ တိုင်းရင်းသား လူမျိုးများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လှုပ်ရှားဆောင်ရွက်ကြသော အဖွဲ့ အစည်း အသီးသီးသာမက ပြည်တွင်း လူထု၏ ထောက်ခံမှု ပိုမို တိုးတက် ရရှိနိုင်သည်။ ကုလသမဂ္ဂ၊ နိုင်ငံတကာ စသည်တို့ ၏ အသိအမှတ်ပြု ခံရမှု အလားအလာ များစွာ တိုးတက် လာနိုင်သည်။
တာဝန်ခံမှု တာဝန်ယူမှု၊ ရှင်းရှင်းလင်းလင်း ရှိမှု တို့ သည် ကောင်းမွန်သော လွှမ်းမိုး အုပ်ချုပ်မှု များနှင့် သက်ဆိုင်သည်၊။ စစ်အာဏာရှင် စနစ်ကို ဆန့် ကျင်နေခိုက် မိမိတို့ အတွင်း တာဝန်ခံမှု တာဝန်ယူမှု၊ ရှင်းရှင်း လင်းလင်း ရှိမှု အခြေခံများဖြင့် ကောင်းမွန်သော လွှမ်းမိုး အုပ်ချုပ်မှု (Good government ) မျိုး စေ့များကို ချမှတ် သွားလိုသည်။ ယင်းတို့ ကို ဖော်ဆောင်နိုင်ရန်မှာ လက်ရှိပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့် ပေါင်း အစိုးရ ဖြစ်စေ ၊ နောင်တွင် တိုင်းရင်းသား ခေါင်းဆောင်များဖြင့် တိုးချဲ့ ဖွဲ့ စည်းရန် မျှော်မှန်းထားသော အမျိုးသား ညီညွတ်ရေး အစိုးရဖြစ်စေ၊ ဒီမိုကရေစီ ရရှိပြီး ပေါ်ပေါက်လာမည့် အစိုးရအားလုံးနှင့် ဖြစ်စေ သက်ဆိုင်သည်။ အစိုးရမှန်သမျှသည် ဥပဒေစိုးမိုးရေး အခြေခံတွင် တာဝန်ခံမှု၊ တာဝန် ယူမှု၊ ရှင်းရှင်း လင်းလင်းရှိမှု ၊ ကောင်းမွန်သော လွှမ်းမို အုပ်ချုပ်မှု များကို ဖော်ဆောင်ရမည် ဖြစ်သည်။
အမျိုးသားညီညွတ်ရေး လွှတ်တော်မှ အမျိုးသားညီညွတ်ရေး အစိုးရသို့-
မြန်မာနိုင်ငံရှိ စစ်အုပ်စု၊ စစ်အစိုးရ အပေါ် တိုက်ပွဲဝင်နေ ရခြင်းမှာ ထိုအစိုးရသည် ဥပဒေ စိုးမိုးရေးကို လုံးလုံးငြင်းပယ်ကာ အထက်ဖော်ပြပါ တာဝန်ခံမှု၊ တာဝန်ယူမှု ကောင်းမွန်သော လွှမ်းမိုး အုပ်ချုပ်မှုတို့ ကို ဥပက္ခာ ပြုထားသည်။ လူထုကိုယ်စားလှယ်များဖြင့် နည်းလမ်းတကျ ဖွဲ့ စည်းထားသော လွှတ်တော်မရှိ ၊ လွှတ်တော်၏ ခန့် ခွဲ ရာထားပေးမှု မရှိဘဲ တိုင်းပြည်၏ ဘဏ္ဍာငွေများကို ထင်သလို စိတ်ကြိုက် သုံးစွဲ ကိုယ်ကျိုး ရှာနေကြသည့် အတွက်ကြောင့် ဖြစ်သည်။ မူဝါဒ ရေးရာများနှင့် စပ်လျဉ်း၍ လူထု၏ သဘော ဆန္ဒများ လေးစားစွာ ရယူခြင်း၊ လိုက်နာခြင်းမရှိ ၊ ထင်သလို ချမှတ်ဆောင်ရွက်နေကြသည်။ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင် တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေး အင်အားစုများအတွင်း လိုအပ်ချက်အရ ဖွဲ့ စည်း ပေါ်ထွန်း လာရသော အမျိုးသား ညွန့် ပေါင်း အစိုးရ အဖွဲ့ သည်လည်းကောင်း၊ နောင် ပေါ်ပေါက် မည့် အမျိုးသား ညီညွတ်ရေး အစိုးရသည် လည်းကောင်း၊ နအဖ အစိုးရ ကဲ့သို့  မဖြစ်အောင် သတိပြု ရှောင်ကျဉ် လုပ်ဆောင် ကြဖို့  လိုအပ်လာပြီ။ သို့ ဖြစ်၍ အမျိုးသား ညီညွတ်ရေး လွှတ်တော် အနေဖြင့် ဖွဲ့ စည်း တည်ထောင် လှုပ်ရှား သွားလျှင် တကယ်လက်တွေ့  စောင့်ကြည့် ရန် လွှတ်တော်က ကြီးကြပ်နိုင်မည်၊ အားပေး ပံ့ပိုးမှုများလည်း လုပ်ဆောင်နိုင် မည်ဖြစ်သည်။
အမျိုးသား ညီညွတ်ရေး အစိုးရသည် NCGUB အမျိုးသား ညွန့် ပေါင်း အစိုးရမှ တိုင်းရင်းသား ခေါင်းဆောင်များ အခြားသင့်တော်သော စီးပွားရေး၊ နိုင်ငံရေး၊ ကာကွယ်ရေး ပါရဂူများဖြင့် တိုး ချဲ့  ဖွဲ့ စည်းထားသော Good government ဖြစ်သော အမျိုးသား ညီညွတ်ရေး အစိုးရဟု ပြောင်းလဲ ခေါ်ဆိုထားသော အစိုးရဖြစ်သည်။
(က) တိုင်းရင်းသား ခေါင်းဆောင်များ
(က) တိုင်းရင်းသား ခေါင်းဆောင်များ ပါဝင် တိုးချဲ့ ခြင်း
(က) တိုင်းရင်းသားများ အပါအ၀င် ပြည်သူ တရပ်လုံးနဲ့  ကင်းကွာနေတယ်။
(ခ) ပြည်ထောင်စု မြန်မာနိုင်ငံနှင့် ပြည်ထောင်စု အချုပ်အခြာ အာဏာကို ကိုယ်စားပြုမှု အားနည်း နေပြီ။
(ဂ) အခြေခံ မတည်ပေးခဲ့တဲ့ တိုင်းရင်းသား တပ်ပေါင်းစုများ၊ အင်အားစုများနဲ့ လည်း ပိုမိုကင်းကွာနေပြီ။
(ဃ) ရဲ့ ဝံ့ပြတ်သားတဲ့ တိကျတဲ့ ဦးဆောင်မှု အားနည်းနေတယ်။
(င) စင်ပြိုင်အစိုးရ တရပ်ရဲ့  ရှိသင့် ရှိထိုက်တဲ့ လက္ခဏာရပ်များ ချို့ တဲ့နေတယ်။
(စ) နအဖ ရဲ့ လမ်းပြ မြေပုံ အပါအ၀င် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေနဲ့  လာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို ချေဖျက် ဆန့် ကျင်သွားရန် ရှေ့ လုပ်ငန်းစဉ်များ တိကျ စွာ ပြဌာန်းထားမှု မရှိ သေးတာ။
အဲဒါတွေကို ထောက်ပြ ဝေဖန်သွားခဲ့ ကြပါတယ်။ ပြီးတော့ လာမယ့် ဇန်န၀ါရီ (၁၉) MPU ညီလာခံကြီးမှာ - (က)"အမျိုးသားရေး" လုပ်ငန်း (National cause ) တရပ်ဖြစ်သည့်
အတွက် NCGUB အနေနဲ့  အလေးအနက်ထား၍ ဆောင်ရွက်သင့်သည်။
(ခ) စတင် ဖွဲ့ စည်းစဉ်က ရရှိခဲ့သော တပ်ပေါင်းစု အခြေခံများ အသိအမှတ်ပြု ထောက်ခံခြင်းကို ဆက်လက် ရရှိ စေရန် ကြိုးပမ်းသင့်သည်။
(ဂ) မိမိ ကိုယ်ကိုယ် တရားဝင် ဖြစ်စေလျက် ပြည်ထောင်စုနှင့် တိုင်းရင်းသား ပြည်သူများ အပါအ၀င် ပြည်သူ လူထု တရပ်လုံးကို ကိုယ်စားပြုနိုင်ရန် ကြိုး ပမ်းသင့်သည်။
(ဃ) ရဲ့ ဝံ့ခိုင်မာသည့် ဦးဆောင်မှုဖြင့် တိုက်ပွဲဝင် အစိုးရတရပ် အဆင့်သို့  တက်လှမ်းသင့်သည်။