Thursday 1 January 2009

ရွှေဝါရောင် သတင်းပဒေသာ

Monday, December 29, 2008

Burma News

KNLA Statement For Karen New Year



UN Offers Development Aid in Exchange for Political Prisoners

By WAI MOE
The UN has reportedly offered the Burmese junta development aid in exchange for the release of political prisoners and progress toward democratic change in the country.


Political Prisoner Htay Lwin Oo Dies

By MIN LWIN
Burmese labor rights activist Htay Lwin Oo has died in Mandalay prison—the second political prisoner known to have died in Burma this month.

Pro-Thaksin Protesters Surround Thai Parliament

By DENIS D. GRAY
Thai protesters block the new government from entering Parliament, calling for it to dissolve the legislature and hold a general election.

Canada-based Party Linked to Controversial Businessman

By THE IRRAWADDY
A recently formed Burmese political party based in Vancouver, Canada, has links to a businessman once accused of laundering drug profits for the United Wa State Army.

- Myanmar signs gas deal with SKorea, India, China: state media click


BURMA DEMOCRACY & DEVELOPMENT: Stand up and be counted on Burma

Hard times that called for desperate measures
Business Daily Africa - Nairobi,Kenya
From Gikomba, Burma, and Ngara markets in Nairobi to upmarket residential areas, business has slowed down with a low turnout of customers. ...
National Post
2008: Floods, Famine and Pestilence
National Post - Toronto,Ontario,Canada
When comes to loss of life, however, no other event this year tops the cyclone that hit Burma only ten days before the Sichuan earthquake. ...
Dispute idles ship carrying Bay Bridge supplies
San Francisco Chronicle - CA, USA
As of Saturday afternoon, two Oakland police cars blocked the entrance to Burma Road, which leads to Pier 7, although protesters and journalists were ...
Myanmar refugees celebrate Karen new year
Deseret News - Salt Lake City,UT,USA
A few hundred Karen, a minority ethnic group from Myanmar (formerly Burma), gathered in an LDS meetinghouse Saturday to celebrate the 2748th year since ...
UN Mulls Reengaging Burma With More Aid
Washington Post - United States
By Colum Lynch and Michael Abramowitz UNITED NATIONS -- International sanctions and Laura Bush's personal intervention did not make Burma's generals ease ...
Cyclone Nargis hits Burma, 2 May
guardian.co.uk - UK
The night of the cyclone was like hiding beneath a Boeing 747 with all its engines on. The wind was roaring and you could hear trees snapping. ...
Finding freedom: Burmese immigrants say they want help to become ...
New Bern Sun Journal - New Bern,NC,USA
Eh, who is 53, grew up in Rangoon, a city in the eastern part of the Karen state of Burma. Burma was a democratic country until the military took control ...
Burmese immigrants celebrate Karen New Year
New Bern Sun Journal - New Bern,NC,USA
Many of the people, mostly refugees from the Karen state in Myanmar (previously Burma), wore colorful headbands, robes and dresses for the celebration. ...
The Irrawaddy News Magazine - Chiang Mai,Thailand
By LAWI WENG Hundreds of Burmese tsunami survivors—who are still migrant workers in Thailand, four years after almost losing their lives—are still fearful ...

Blogs Alert for: Burma news

UN Passes Strong Resolution on Burma Human Rights Abuses « San Oo ...
Department of Public Information • News and Media Division • New York. Sixty-third General Assembly. Plenary. 74th Meeting (Night). GENERAL ASSEMBLY ENDS MAIN PART OF SIXTY-THIRD SESSION, ADOPTING TEXTS ON HUMAN RESOURCES MANAGEMENT, ...
2008 year in review: Big news, small news and in between - Metro ...
May 3: Cyclone Nargis slams into Myanmar (formerly Burma), killing an estimated 22000 people. May 4: Ashes to ashes, suds to suds as an Illinois man throws a party using his custom-made casket -- designed as a Pabst Blue Ribbon beer can ...
Real-Time News: Latest Northeast... - http://www.cleveland.com/news/index.ssf/
ENGLISH DEYEA NEWS: U.S. blames Hamas for attack by Israel
Myanmar detains over 1800 political prisoners' - The News - International · US Envoy Wants Int'l Pressure on Myanmar - The Associated Press · Myanmar's military junta debars Internet and Blogging - Merinews · Burma has to prepare for ...
Inya Net » Blog Archive » U.N. Mulls Reengaging Burma With More Aid
According to senior U.N. officials, special envoy Ibrahim Gambari has proposed that nations offer Burma financial incentives to free more than 2000 political prisoners, including Nobel laureate Aung San Suu Kyi, and to open the country ...
U.N. Mulls Reengaging Burma With More Aid « Peace and Freedom ...
This entry was posted on December 28, 2008 at 8:03 am and is filed under Burma, Bush, Myanmar, UN, United Nations, aid, junta, news, politics, repression. You can follow any responses to this entry through the RSS 2.0 feed. ...
Peace and Freedom Global Future - http://arturoafc54.wordpress.com/
- 300 migrants missing off Andamans click
- Japan's decision on Myanmar refugees sends message click
- 99 migrants rescued from sea click
- Coast Guard rescues illegal migrants click
- Japan's action changes Asia's image click

ကမ်းတက်တိုက်ပွဲ

ညိုထက်(လမ်းသစ်ဦး)

လောကဓံကလည်း အနိုင်ကျင့်တယ်
ဘ၀ကလည်း အဖိတ်အစင်များတယ်
ပဋိပက္ခတွေဟာ ဆီလိုအပေါက်ရှာပြီး ထွက်လာကြတယ်။

စားကြတယ်
လူကို လူချင်းစားကြတယ်။

ဘာဖြစ်လို့
ငါ့ချောတိုင်လေးကိုမှ
ဝတ်ဆီတွေ တဗြန်းဗြန်း ပတ်နေရတာတဲ့တုန်း။

အဖတ်ဆယ်မရတဲ့
ခေတ်ကာလကလည်း အရည်ကျဲလွန်းလှတယ်
အဲဒီလို ခေတ်ကာလမှာမှ
အလံစိုက်ဖို့ လူဖြစ်လာရတာဆိုတော့
"စကပ်တိုတိုဝတ် အောက်စလွတ်ရင်ဖုံး။"

ဘယ်သူ့ကိုမှ
မြူဆွယ်ဖျားယောင်းတာ မလုပ်ခဲ့ဘူး
ဘယ်သူရဲ့
မြူဆွယ်ဖျားယောင်းတာကိုမှလည်း မလုပ်ခဲ့ဘူး
ငါ့အဓိပ္ပါယ်ကိုငါ ထွန်ယက်တယ်
နေပူမရှောင်
မိုးရွာမရှောင် ထွန်ယက်တယ်။

မက်မက်စက်စက် စိုက်ပျိုးခဲ့တယ်
ငါ့ရဲ့ ယုံကြည်ခြင်းတွေ
ယုံကြည်ခဲ့တယ်
လွန်ခဲ့တဲ့ အနှစ် ၂၀ ကလည်း ယုံကြည်ခဲ့တယ်
ယခုလည်း ယုံကြည်ခဲ့တယ်
အရိုင်းစိုင်းဆုံး ယုံကြည်ခဲ့တယ်
ငါ့သွေးတွေထဲ ၀င်ရောက်နေတဲ့အထိ ယုံကြည်ခဲ့တယ်။

ငါ ပစ္စုပ္ပန်တည့်တည့်မှာပဲနေတယ်
တော်လှန်ရေးဆိုတာ တဦးချင်းကိစ္စပဲတဲ့လား
တကိုယ်တော်ဝါဒနဲ့ တော်လှန်ရေးလုပ်မယ်တဲ့လား
ငါ ဒါကို ရယ်သွမ်းသွေးမိတယ်
တော်လှန်ရေးဆိုတာ စည်းရုံးစုဖွဲ့ခြင်းဖြစ်တယ်
ပစ္စုပ္ပန်ကိစ္စလည်းဖြစ်တယ်
ငါပစ္စုပ္ပန်တည့်တည့်မှ နေတယ်။

ဘာတဲ့ …
ပန်းရောင်ဆိုပါလား
ငါ ဘယ်တော့မှ အနီကို အနက်အစွန်းမခံဘူး
ငါဘယ်တော့မှ ကြက်သွေးရောင် မဖြစ်ခဲ့ဘူး
တရားသေမဟုတ်ဘူး လမ်းညွှန်။

တရားမျှတမှုတွေ မိုးလိုရွာ
အေးချမ်းကြပါစေ
အမှန်တရားတွေ နေလိုသာ
နွေးထွေးကြပါစေ
လူအချင်းချင်းသွေးစုတ်ခြင်း
ကင်းရှင်းကြပါစေ။

သမိုင်းကို မျက်ရည်ခံထိုးလိမ့်မယ်ထင်သလား
ငါ့ရိုးသားမှုကို ငါယုံကြည်တယ်
ပြတ်ပြတ်သားသားကို ယုံကြည်တယ်။

ဘယ်သူတွေ
အကုန်အစင် ရိုးသားခဲ့ကြသလဲ
အကုန်အစင် ရိုးသားသူသာ
အကုန်အစင် ရရှိပေလိမ့်။

ကြေမွရမှာတဲ့လား
ဒီလိုပါပဲ
အထုအထောင်းတွေကြားက
သံမဏိသားကျလာကြတဲ့
ငါ့ရှေ့က ငါ့ချစ်သူတွေကို ငါချစ်တယ်။

ဒါ
ငါတို့ခေတ်တဲ့လား
မဟုတ်ဘူး
ဒါ
ငါတို့ခေတ်မဟုတ်သေးဘူး
ငါတို့ခေတ်ဟာ ဒီလိုဖြစ်ခွင့်မရှိဘူး
ငါတို့ခေတ်ကို ရောက်ဖို့ ငါတို့ထူထောင်ရဦးမယ်။




ညိုထက်(လမ်းသစ်ဦး)

အီးမေးမှ ပေးပို့လာသော ကဗျာဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားအရေး ပဟေဠိပုစ္ဆာ

Wednesday, 26 November 2008 18:57 ဒေးဗစ်စကော့ မက်သီဆင်
E-mail Print
မြန်မာနိုင်ငံရှိ တိုင်းရင်း သားများအရေး လေ့လာတင်ပြမှု အသစ်တရပ်က ရှုပ်ထွေး ထွေပြား လှသည့် အရိုင်းနယ်ပယ်ကို တို့ထိလေ့လာခဲ့ပြီး ရှေ့ဆက် လှမ်းနိုင်မည့် လမ်းကို ညွှန်ပြခဲ့သည်။ မြန်မာနိုင်ငံ၏ ရှုပ်ထွေးပွေလီလှသည့် တိုင်းရင်းသား အရေး ပြဿနာများကို လေ့လာခဲ့ကြသည့် စာရေးသူများအနေနှင့် အရှုံးနှင့် ရင်ဆိုင်ရဖွယ် ရှိကြောင်းကိုသိ၍ ကြိုတင် ပြင်ဆင်ထားသင့်သည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားများ၏ နိုင်ငံရေး၊ ပဋိပက္ခ ဖြစ်ပွားနေသည့် အခြေအနေ။ အက်ရှ်လေ ဆောက်သ်၊ Routledge ပုံနှိပ်တိုက်၊ စာမျက်နှာ ၂၇၇. Ethnic Politics in Burma: States of Conflict by Ashley South. Routledge, 2008, P 277

ဤစာအုပ်တွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသား တို့ကို အတွင်းကျကျ လေ့လာထားပြီး အတွေ့အကြုံ ကြွယ်ဝမျှတစွာ သုတေသနပြု တင်ပြထားသည်။ သုတေသန ပြုမှုတခုက ရှမ်း၊ ကရင်၊ ကချင် အပါအဝင် ၁၃၅ မျိုးသော မြန်မာနိုင်ငံ၏ လူမျိုးစုများ အကြောင်းနှင့် သူတို့၏ေ၀၀ါးရှုပ်ထွေးဖွယ် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ၊ နိုင်ငံရေးပါတီများ၊ တိုးတက် ဖြစ်ပေါ်ရေး အတွက် ကြိုးပမ်းနေကြ မှုများကို ဆယ်စုနှစ်များစွာ ရှည်ကြာနေသည့် ပြည်တွင်းစစ်၊ ဆင်းရဲမွဲတေမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ် ကုန်သွယ်နေမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ အတောမသတ် ကျူးလွန်ကာ နိုင်ငံတော် တည်ဆောက် နေသည့် မြန်မာစစ်တပ်၏ နောက်ခံကားချပ် ပေါ်တွင် မည်သို့ တင်ပြနိုင်ပါအံ့နည်းဟု မေးခွန်းထုတ်ဖွယ် ရှိနေသည်။

ကိုလိုနီခေတ် ကာလမှစ၍ အနောက်တိုင်း စာရေးဆရာ ၂ ဦးကသာ မျှတစွာ ဤအကြောင်းကို ရေးသားခဲ့ဖူးသည်။ တဦးမှာ မာတင်စမစ် ဖြစ်ပြီး သူ၏ "မြန်မာနိုင်ငံ၊ ပြည်တွင်း ပုန်ကန် ခြားနားမှုနှင့် တိုင်းရင်းသား နိုင်ငံရေး" (Burma-Insurgency and the Politics of Ethnicity) စာအုပ်မှာ စွယ်စုံကျမ်းသဖွယ် ပြည့်စုံလှသည်။ နောက်တဦးမှာ ဘာတေးလ် လစ်တနာ (Bertil Lintner) ဖြစ်ပြီး ၎င်းက "ပုန်ကန်မှုများနှင့် မြန်မာနိုင်ငံ" (Burma in Revolt) အမည်ရှိ စာအုပ်ကို ရေးသားခဲ့သည်။ ဤစာအုပ် ၂ အုပ်က ပဟေဠိသဖွယ် ရှုပ်ထွေး လှသည့် မြန်မာနိုင်ငံ၏ တိုင်းရင်းသား အရေးကို သေချာစွာ ဖော်ပြထားခဲ့သည်။

မာတင်စမစ်၏ စာအုပ်က ပဋိပက္ခနှင့် တိုင်းရင်းသားတို့၏ ၀ိသေသလက္ခဏာကို ရေးသားဖော်ပြထားပြီး ဘာတေးလ် လစ်တနာ၏ စာအုပ်က ပဋိပက္ခ၊ နိုင်ငံတော် တည်ဆောက်မှုနှင့် မူးယစ်ဆေးဝါးပြဿနာ အကြောင်းတင်ပြထားသည်။

ယခု အက်ရှ်လေဆောက်သ်၏ စာအုပ်ကမူ ဤအကြောင်းအရာ အားလုံးကို ခြုံငုံတင်ပြထားခြင်းဖြစ်ပြီး လက်ငင်း ဆွေးနွေးငြင်း ခုန်နေကြသည့် ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် အဓမ္မနေရာ ပြောင်းရွှေ့ချထားမှုများ၊ ထို့အပြင် မြန်မာနိုင်ငံတွင် တရွေ့ရွေ့ပြောင်း လာနေသည့် "တိုင်းရင်းသားတို့၏ ၀ိသေသလက္ခဏာ" ကို ပညာရပ်ပိုင်းဆိုင်ရာ ချဉ်းကပ်၍ ဆွေးနွေးတင် ပြထားသည်။

ဤစာအုပ်၏ ရည်ရွယ်ချက်မှာ တိုင်းရင်းသားများအရေး ဆွေးနွေးသုံးသပ်ရာ၌ ပိုမို ရှုပ်ထွေးပွေလီသည့် အကြောင်းများနှင့် အသေးစိတ် အချက်များကို ထပ်မံဖြည့်ဆီးပေးရန် ဖြစ်သည်။ တိုင်းရင်းသား အပစ်အခတ်ရပ်စဲရေး ဒေသများနှင့် မြန်မာနိုင်ငံ မြို့ကြီးများတွင် အသစ်ပေါ်ပေါက် ကြီးထွားလာနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊ စစ် အစိုးရ၏ အမျိုးသားညီလာခံတွင် တိုင်းရင်းသားအုပ်စုများကို အကျပ်ကိုင် တက်ရောက်ခိုင်းမှုနှင့် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး စီမံကိန်းများ၏ မမျှမတ ဆိုးကျိုးသက်ရောက်ရပုံများကိုပါ ထည့်သွင်းဖော်ပြထားသည်။

နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဖျက်ဆီးခံရမှုကြောင့် ဖြစ်ရသည့် ပြဿနာများကို အချိန်မီ နောက်ဆက်တွဲဖြည့်၍ ဖော်ပြထားသည့်ပြင် ကာလကြာရှည် ဒုက္ခခံစားခဲ့ရ၍ အုပ်စုအသီးသီး ကွဲပြားနေကြသည့် တိုင်းရင်းသားများအနေနှင့် မဟာဗျူဟာကျကျ ပြန်လည်တွေးခေါ် ချည်းကပ်ပါက ယခုအခါ အခွင့်အလမ်းများ ပေါ်ပေါက်နေလေပြီဟု အက်ရှ်လေ ဆောက်သ်က အကြံပြုထားသည်။ သူက ဤသို့ချဉ်းကပ်ပုံကို "ပြန်လည်ဆန်းစစ်ခြင်း၊ ပြုပြင် ပြောင်းလဲရေးများလုပ်ဆောင်ခြင်းနှင့် ပြန်လည် ထိတွေ့ဆက်ဆံခြင်း" ဟု အမည်ပေးထားသည်။

စာရေးသူက ကချင်နှင့် မွန်အပစ်အခတ်ရပ်စဲရေး အဖွဲ့များအပေါ် အနီးကပ်လေ့လာ၍ ပုံကြမ်းဆွဲ ဖော်ပြခဲ့သေးသည်။ ထို့အပြင် ၀နှင့် ကိုးကန့်အထူးဒေသများတွင် ကြုံတွေ့နေရသော ဘိန်းပပျောက်ရေးနှင့် ရှေ့မတိုး နောက်မဆုတ်သာ ဖွံ့ဖြိုး ရေး အကြပ်အတည်းကိုလည်း ဆန်းစစ်တင်ပြထား၏။ ကရင်အဖွဲ့များ၏ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို ရေလည်စွာ ရှင်းပြထားသော်လည်း ၂၀၀၄ ခုနှစ်က ဗိုလ်ချုပ်စောဘိုမြကိုယ်တိုင် ရန်ကုန်သွား၍ လမ်းဖောက်ခဲ့သည့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုခရီးစဉ်ကိုမူ ခြွင်းချန်ထားကြောင်း တွေ့ရှိရသည်။

တိုးပွားလာသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများအကြောင်း ဖော်ပြချက်မှာ စိတ်အားတက်ဖွယ် ကောင်းလှသလို အထူးအရေးပါလှသည်။ မြန်မာနိုင်ငံအတွင်း ကျန်းမာရေး၊ ပညာရေး၊ ဖွံ့ဖြိုးရေးကိစ္စ ကြိုးပမ်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများ ရာထောင်ချီ၍ ရှိနေသည့်အကြောင်းကို အက်ရှ်လေ ဆောက်သ်က ၎င်းတို့၏လုံခြုံရေး မထိခိုက် ရလေအောင် ရေးသားတင်ပြထားသည်။

ထိုအဖွဲ့အစည်းများ ပိုမိုအားကောင်းသန်စွမ်းလာစေရန် နိုင်ငံတကာ မိသားစုက ကူညီပံ့ပိုးနိုင်မည့် နည်းလမ်းများ ရှာဖွေသင့်သည်ဟု ဆောက်သ်က ပြောထားသည်။ သို့သော်လည်း စစ်တပ်၏ အာဏာဖွဲ့စည်းပုံကို ရှောင်ကွင်းဆောင်ရွက် နိုင်ရန်လိုအပ်ပြီး စစ်အစိုးရက တင်းကျပ်စွာ ထိန်းချုပ် ဖွဲ့ပေးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကဲ့သို့ အဖွဲ့မျိုးကိုလည်း သတိထားရန် လိုအပ်သည်ဟု ဆိုထားသည်။

စာအုပ်၏ နောက်ဆုံးအခန်းဖြစ်သည့် "လူမှုအဖွဲ့အစည်းကို အသစ်မြင်ယောင်ကြည့်ခြင်း" ကဏ္ဍ၌ တိုင်းရင်းသားအုပ်စု များအနေနှင့် ဗဟိုအစိုးရ၊ နိုင်ငံတကာမိသားစုနှင့် ပူးပေါင်းဆက်စပ်၍ ငြိမ်းချမ်းမှုတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း များ လုပ်ကိုင်နိုင်ရန် လမ်းညွှန်ထားသည်။

ဆောက်သ်က ဆွေးနွေးရာတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများအနေနှင့် အထူးအရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်နိုင်သဖြင့် စစ်အစိုးရကော နိုင်ငံတကာမိသားစုကပါ ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများအတွက် ရည်မှန်းပို့ဆောင်ပေးနိုင်မည့် ယာဉ်တခုသဖွယ် သဘောထားသင့်သည်ဟု ဆိုသည်။

"လူသားချင်းစာနာမှု ကူညီရေးကဏ္ဍသည် နောက်ပိုင်းတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုကျယ်ပြန့်လာဖွယ်ရှိသည်။ နိုင်ငံတော်အစိုးရနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ ပိုမို ပွင့်လင်းသည့် ဆွေးနွေးမှုများ ဖြစ်လာနိုင်ပြီး ဗဟိုနှင့် အစွန်အဖျားတို့ ဆက်ဆံရေးကိစ္စ ပိုမိုဆွေးနွေးလာနိုင်သည်။ လိုအပ်သည့်အချက်မှာ နိုင်ငံတကာအစိုးရနှင့် ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်းများအကြား ပိုမို အရည်အသွေးမြင့်သည့် ထိတွေ့ဆက်ဆံရေးပင် ဖြစ်သည်" ဟု ၎င်းစာအုပ်တွင် ဖော်ပြထားသည်။
လွန်ခဲ့သည့်နှစ်များအတွင်း ရေးသားတင်ပြခဲ့သည့် အက်ရှ်လေ ဆောက်သ်၏ တောက်ပြောင်ထင်ရှားသော အစီရင်ခံစာ များ၊ ဆောင်းပါးများကို စောင့်ကြည့်ဖတ်ရှုနေသူများ အနေနှင့်တော့ ၎င်း၏အရေးအသားမှာ ယခင်ကတွေ့ဖူးနေကျ ပုံစံအတိုင်း အကျွမ်းတ၀င် ဖြစ်နေသည်ဟု ယူဆနိုင်သည်။

သာမန် စာဖတ်သူများအတွက်မူ ဤစာအုပ်က ပြဿနာကိစ္စအများအပြားကို စုစည်းပေးထားသည့် အဖိုးတန် စာပေါင်းချုပ် ဖြစ်နေပေလိမ့်မည်။ သို့သော်လည်း အသေးစိတ်အချက်အများအပြား ပါရှိနေမှုကြောင့် ရံဖန်ရံခါ ရှုပ်ထွေးဖွယ်၊ အဆက် အစပ်မရှိသလိုလည်း ဖြစ်နေနိုင်သည်။

သေချာဖော်ပြထားသည့် ဇယားချပ်များ က အစွန်းထွက်ဖွယ်အငြင်းပွားမှုများ၊ ရှင်းလင်းထင်ရှားသည့် အပစ်အခတ် ရပ်စဲရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများအကြောင်းကို သိမြင်စေနိုင်ပါသည်။ ဤပုံကားချပ်များကို ကြည့်ခြင်းဖြင့် ရှုပ်ထွေးလှသည့် အမယ်ဘုတ်သူ့ချည်ခင် ပြဿနာများအပေါ် စာရေးသူက အစဆွဲ ဆုပ်ကိုင်မိသည့် အကြောင်းကိုလည်း မြင်တွေ့ နိုင်ပါသည်။

သို့သော် စာအုပ်၏ အားနည်းချက်ဟု ဆိုနိုင်သည့် အချက်တခုမှာ အနောက်တိုင်းဖွံ့ဖြိုးရေး အေဂျင်စီများ၏ အခန်း ကဏ္ဍနှင့် နိုင်ငံတကာတွင် မြန်မာ့အရေး စည်းရုံးတိုက်တွန်းမှုများအကြား ဆွေးနွေးငြင်းခုန်နေရမှုများကို မျှတရန် ကြိုးစားဖော်ပြလွန်းမှုပင် ဖြစ်ပါသည်။ သူက ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကြိုးပမ်းဆောင်ရွက်နေသည့် အဖွဲ့များ၊ လုပ်ငန်းများကို "စီးပွားရေးလုပ်ငန်းကြီး" ဟူ၍ နှိမ်ကာ အကြိမ်ကြိမ် သုံးနှုန်းဖော်ပြ ထားသည်ကို မနှစ်မြို့ဖွယ် မြင်တွေ့ရ သည်။

အက်ရှ်လေ ဆောက်သ်သည် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများတွင် မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပညာရှင် ဖြစ်မလာမီ ကယ်ဆယ်ရေး လုပ်သားတဦးအဖြစ်၊ သုတေသီတဦးအဖြစ် ကာလ ကြာရှည်ဆောင်ရွက်ရင်း အရည်အသွေး ထက်မြက်လာအောင် ကြိုးစားနေခဲ့သူတဦး ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းများအနေနှင့် စစ်အစိုးရ၏ အာဏာရှင်ဆန်ဆန် ဖွဲ့စည်းပုံ နှင့်သော်လည်းကောင်း၊ ၀အဖွဲ့ ကိုးကန့်အဖွဲ့ စသည့် တာဝန်ယူမှု မရှိလှသည့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ နှင့်သော်လည်းကောင်း ဆက်ဆံလုပ်ကိုင်ရင်း နိုင်ငံရေးအရ အပေးအယူပြုရမည့် အကြပ်အတည်း၊ အားနည်းချက်၊ ဆုံးရှုံးရနိုင်သည့် အခြေအနေများကို ဖော်ပြရန် သူက ပျက်ကွက်ခဲ့သည်။

သို့သော်လည်း ကုလသမဂ္ဂနှင့် တခြားသော ပုဂ္ဂလိကအဖွဲ့အစည်းများက နယ်စပ်ဒေသအခြေစိုက် အသေးစား လုပ်ငန်းငယ်များ၊ အဖွဲ့အစည်းများကို "စီးပွားရေးလုပ်ငန်းကြီး" (industry) ဟု နှိမ်၍ ခေါ်ဆိုနေပြန်သည်။ အမှန်တွင် ဤအုပ်စုများထဲမှ အနည်းငယ်ကသာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေ တိုးတက်စေရေးအတွက် ဆောင်ရွက်နေကြပြီး ဤအချက်ကိုလည်း အက်ရှ်လေ ဆောက်သ်က ဖော်ပြရန် ခြွင်းချန်ခဲ့သည်။ စာအုပ်၏ ဖွံ့ဖြိုးရေးအကူအညီများဆိုင်ရာ နိုင်ငံရေးအခန်းကဏ္ဍမှာမူ ကံမကောင်း အကြောင်းမလှစွာ အားနည်းလှပါသည်။

မည်သို့ပင် ဆိုစေကာမူ ဤစာအုပ်သည် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးကဏ္ဍတွင် လုပ်ဆောင်နေကြသူများ၊ လာလတံ့သော ၀န်ထမ်းများ အားလုံး မဖြစ်မနေဖတ်သင့်သည့် စာအုပ်ဖြစ်ပါသည်။ ထိုမျှမက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းနေကြသူ ပြည်သူများအတွက် လိုအပ်နေသည့် နိုင်ငံတကာမိသားစု၏ အခန်းကဏ္ဍကို ဆက်လက် ဆွေးနွေးငြင်းခုန်နိုင်ရန် ပံ့ပိုးပေးမည့် အခြေခံမှတ်တမ်းတခုလည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများအပေါ် အက်ရှ်လေ ဆောက်သ်က တန်ဖိုးထား လေးစားမှုရှိသည်ကိုတွေ့ရသည်။ ထို့ပြင် သူလေ့လာခဲ့သည့် အကြောင်းအရာအပေါ် မျှတစွာ ချဉ်းကပ်ဆောင်ရွက် အောင်မြင်နိုင်ခဲ့သည်ဟု သုံးသပ်ချင် ပါသည်။

David Scott Mathieson ရေးသားသည့် Burma's Ethnic Jigsaw Puzzle ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ဒေးဗစ် စကော့ မီသီဆင် (David Scott Mathieson) သည် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) မှ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပညာရှင် ဖြစ်ပါသည်။

သတင်းပဒေသာ

Align Centerထိုင်းလွှတ်တော်ကို ဆန္ဒပြသူများဝိုင်းထိုင်းအစိုးရသစ် ပေါ်လစီ မကြေညာနိုင်

ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်ထောက်ခံသည့် အင်္ကျီအနီဝတ် ဆန္ဒပြသူများက ထိုင်းလွှတ်တော်ရုံးဝင်ပေါက်များကို ၀ိုင်းထားသည့်အတွက် လွှတ်တော်မှာ အစိုးရပေါ်လစီသစ် စတင်ကြေညာမည့်အစီအစဉ်ကို ၀န်ကြီးချုပ် အာဘီဆစ်က ရွှေ့ဆိုင်းလိုက်ရသည်။

ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေအရ အထက်လွှတ်တော်၊ အောက်လွှတ်တော် (၂) ရပ်လုံး စုံညီစွာတက်ရောက်မည့် လွှတ်တော်တွင် အစိုးရပေါ်လစီသစ် ကြေညာချက်ကို မထုတ်ပြန်မချင်း ထိုင်းအစိုးရသစ်အနေဖြင့် တရားဝင်လုပ်ငန်းများ စတင်လုပ်ကိုင်ခွင့်မရှိပေ။

ပြည်ပဆန်တင်ပို့မှု အရှုံးပေါ်
နိုင်ငံခြားဆန်ရောင်းသူများ လက်တွန့်

NEJ/ ၂၉ ဒီဇင်ဘာ ၂၀၀၈
ပထမဆုံးအသုတ်အဖြစ် နိုင်ငံခြားကို တန်ချိန် (၉,ဝဝဝ)၊ ဆန်အိတ် (၁၈ဝ,ဝဝဝ) တင်ပို့ပြီး ထူးကုမ္ပဏီ အရှုံးပြခဲ့သည့် အတွက် ကျန်ပါမစ်ရပြီးသား ဆန်ကုန်သည်များ တင်ပို့ရန် လက်တွန့်နေကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင် ဆန် ကုန်သည်များ အသိုင်းအဝန်း မှစုံစမ်းသိရှိရသည်။ လောလော ဆယ် သီရိလင်္ကာနိုင်ငံသို့ ...အပြည့်အစုံသို့
နေပြည်တော်ပျဉ်းမနားမှာ ဘူတာသစ်ထပ်တည်မည်
အိမ်ခြေ (၂၀,၀၀၀) ကျော် မြို့ပြင် ထုတ်ဖို့ပြင်

ခိုင်မင်း/ ၂၉ ဒီဇင်ဘာ ၂၀၀၈
ပျဉ်းမနားမြို့မှာ နောက်ထပ် ဘူတာရုံသစ်တခု တည် ဆောက်ရန်အတွက် ပျဉ်းမနားမြို့ပေါ်ရှိ ရပ်ကွက်အချို့ နေရာပြောင်းရွှေ့ပေးရမည်ဖြစ်သည့် အတွက် အိမ်ခြေ (၂) သောင်းကျော် အခက်အခဲဖြစ်နိုင်သည်ဟု မြို့ခံ များက ပြောသည်။ နေပြည်တော်ဘူတာရုံကြီးကို ၂၀၀၆ ခုနှစ်က ရွာတော်ကျေးရွာအနီး...အပြည့်အစုံသို့
ဘီဘီစီ ဘန်ကောက် သတင်းထောက်
ထောင်ကျကိန်းရင်ဆိုင်

NEJ/ ၂၉ ဒီဇင်ဘာ ၂ဝဝ၈
ထိုင်းနိုင်ငံ ဘန်ကောက် ဘီဘီစီ အင်္ဂလိပ်လူမျိုး သတင်းထောက် ဂျွန်နသန်ဟက်ဒ်ကို ထိုင်းဘုရင်အား ပုတ်ခတ်ရေးသားမှုဖြင့် ထိုင်းရဲ အရာရှိတဦးက စွဲချက်တင်ထားရာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် (၁၅) နှစ်ထိ ကျခံရဖွယ်ရှိသည်။...အပြည့်အစုံသို့

From 20 Year Anniversary - Daw Khin Ky

လွတ်လပ်ရေး ဘခင်ကြီး အာဇာနည် ဗိုလ်ချုပ် အောင်ဆန်း၏ ဇနီး၊ မြန်မာပြည် အတိုက်အခံပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိခင် ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း အနှစ် ၂၀ ပြည့် အထိမ်းအမှတ် အဲန်အယ်ဒီ ပါတီက သံဃာတော်များကို ဆွမ်းလောင်း၊ အဖွဲ့ချုပ် ဌာနချုပ်ရှေ့တွင် ၂၆ ဒီဇင်ဘာ သောကြာနေ့တွင် ကျင်းပခဲ့၊

မိုးမခ ဓာတ်ပုံသတင်း

ဒီဇင်ဘာ ၂၉၊ ၂၀၀၈

The Generation Waves – Free Burma Poster
သောင်းပြောင်းထွေလာ - ကာတွန်း Box

#fullpost {display:none;}

The Generation Waves – Free Burma Poster
December 29th, 2008


ဦးသန့်ပုံ မျက်နှာဖုံးတွင် ခွင့်မပြု

ဦးသန့်ပုံ မျက်နှာဖုံးတွင် ခွင့်မပြု

ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ဓာတ်ပုံကို မြန်မာသစ် မဂ္ဂဇင်း မျက်နှာဖုံး အဖြစ် စာပေစိစစ်ရေးက ခွင့်မပြုကြောင်း ၎င်းမဂ္ဂဇင်းနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။

နိုင်ငံရေးသမား နောက်တဦး သေဆုံး

ပဲခူးထောင်မှ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံးပြီး ရက်အနည်းငယ်အကြာတွင် မန္တလေးထောင်မှ နိုင်ငံရေးသမားတဦး ယမန်နေ့က သေဆုံးသွားသည်။

ကာတွန်းဆရာကြီးများ ကန်တော့ပွဲ အာဏာပိုင်များ စောင့်ကြည့်

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ ကာတွန်းဆရာကြီး ဦးဖေသိန်း နေအိမ်တွင် ယမန်နေ့က ပြုလုပ်သော ၃၃ ကြိမ်မြောက် ကာတွန်းဆရာကြီးများ ကန်တော့ပွဲကို အာဏာပိုင်များက အနှောင့်အယှက်မပေးသော်လည်း စောင့်ကြည့်မှုများ ပြုလုပ်ကြောင်း ကန်တော့ပွဲတက်ရောက်ခဲ့သည့် ကာတွန်းဆရာများက ပြောသည်။

Nanook of The North ကမ္ဘာ့ ပထမဆုံး မှတ်တမ်း ရုပ်ရှင်ကား ပြသဆွေးနွေးမည်

ကမ္ဘာ့ ရုပ်ရှင်နေ့ အထိမ်း အမှတ် အဖြစ် လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာ့ရုပ်ရှင် အစည်းအရုံး ခန်းမ၌ ကမ္ဘာ့ ပထမဆုံး မှတ်တမ်း ရုပ်ရှင် ဇာတ်ကားကို ပြသ

- ထိုင်းလွှတ်တော်ကို ဆန္ဒပြသူများဝိုင်း၊ ထိုင်းအစိုးရသစ် ပေါ်လစီ မကြေညာနိုင် click
- ပြည်ပဆန်တင်ပို့မှု အရှုံးပေါ် နိုင်ငံခြားဆန်ရောင်းသူများ လက်တွန့် click
- နေပြည်တော်ပျဉ်းမနားမှာ ဘူတာသစ် ထပ်တည်မည်၊ အိမ်ခြေ (၂၀,၀၀၀) ကျော် မြို့ပြင်ထုတ်ဖို့ပြင် click
- ဘီဘီစီ ဘန်ကောက်နိုင်ငံခြားသတင်းထောက် ထိုင်းဘုရင်အား ပုတ်ခတ်ရေးသားမှုကြောင့် ထောင်ကျနိုင် click
- အာဘီဆစ်အစိုးရ ၂၀၀၉ မှာ ပြုတ်ကိန်းရှိ၊ ထိုင်းဗေဒင်ဟောကိန်းထွက် click
- ကာတွန်းဆရာကြီးများ ကန်တော့ပွဲ အာဏာပိုင်များ စောင့်ကြည့် click
- ၂၀၀၈ ရဲ့ အကြီးမားဆုံး သဘာဝဘေးဒဏ်များ click
- ၀မ်းတွင်းမြို့နယ် အန်အယ်လ်ဒီ အစည်းအဝေး click
- ရေစကြိုမှာပေါ်တဲ့ မြေနုကျွန်း အာဏာပိုင်တွေ နေရာကောင်းရယူ click
- နာဂစ်မုန်တိုင်းရန်ပုံငွေနာမည်ဖြင့် ကညနတို့ ဆိုင်ကယ်လိုင်စင်ထုတ်ပေး၊ ကျပ်သိန်းချီအခွန်ကောက် click
- ဂါဇာကမ်းမြှောင်မှာ အပစ်အခတ်ရပ်စဲကြဖို့ ကုလလုံခြုံရေးကောင်စီ တောင်းဆို click
- ပါကစ္စတန် အသေခံဗုံးခွဲမှု ၃၀ ကျော် သေဆုံး click
- ၂၀၀၈ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ အထူးခြားဆုံးလူ (ဗွီအိုအေ တိုက်ရိုက်လေလှိုင်းအစီအစဉ်) click
- မြန်မာ့လွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမရဲ့ ၁၂၉ နှစ်မြောက်မွေးနေ့ပွဲ အိန္ဒိယနိုင်ငံမှာ ကျင်း ပ click
- ဝေးလံထောင် ပြောင်းရွှေ့၊ မိသားစု အခက်ကြုံ click
- ၂၀၁၀ ရွေးကောက်ပွဲအတွက် စစ်အစိုးရ ကြိုတင်ပြင်ဆင်နေ click
- ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲအပေါ် ပြည်ပရောက် မြန်မာတွေရဲ့ အမြင် click
- ၂၀၀၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ ကြုံတွေ့ခံရပုံတွေအကြောင်း ဆွေးနွေးချက် (အာရ်အက်ဖ်အေ တနင်္ဂနွေ ဆွေးနွေးပွဲ) click
- ဂါဇာတိုက်ခိုက်မှု အစ္စရေးဖြေရှင်း click
- ဂါဇာအကြမ်းဖက်မှု click
- ဗုံးတန် သိန်းချီချ၊ လူ ၂၀၀ ကျော်သေတဲ့ ဂါဇာသွေးစွန်းမှု click
- အစ္စရေးတို့ ဂါဇာကို လေကြောင်းက တိုက်ခိုက် click
- လူငယ်အထူးအစီအစဉ် click
- ဘိုကလေး - ရေသန့်စက်လှူပါလျက် ပျက်၍ဖြုတ်ပြီးနောက် ၀ယ်သုံးနေရ click
- လှိုင်သာယာစက်မှုဇုန်၌ အလုပ်သမား ထောင်ချီ အလုပ်လက်မဲ့ဖြစ် click
- ဆူနာမီလေးနှစ်ပြည့်အခမ်းအနား ထိုင်းတောင်ပိုင်း၌ ကျင်းပ click

No comments: